BUDDHA IMAGE
ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ အနှစ်ချူပ်
မကောင်းမှုမှန်သမျှ မပြုလုပ်ရ
ကောင်းမှုမှန်သမျှ ပြုလုပ်ကြ
မိမိစိတ်ကို ဖြူစင်အောင်ထား။
မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) Dhamma Web
Topics: BDRF | No Comments »
PATRON SAYADAWGYI OF BDR FINLAND TRUSTEE
နာယက ဆရာတော်ကြီး ဦးပညာဝံသ
ဗုဒ္ဓ ဓမ္မ ရံသီ ၀ိဟာရ (မြန်မာဘုန်းတော်ကြီးကျောင်း) ဖင်လန်နိုင်ငံ ဗန်တာမြို့ ။
ပီနန်ဆရာတော်ကြီး သြ၀ါဒကထာ
နိုင်ငံတခုမကောင်းပဲနဲ့ သာသနာဆိုတာ ဘယ်လိုကောင်းနိုင်မလဲ။
နိုင်ငံဆိုတာ(ဌာန) အိမ်လိုပဲ၊သာသနာဆိုတာ (ဌာနီ) အိမ်ပေါ်မှာတက်နေတဲ့လူလိုပဲ။
အိမ်ကြီးက ယိုယွင်းပျက်စီးနေရင်၊အိမ်ပေါ်မှာနေတဲ့ လူတွေဘယ်လိုလုပ်နေမလဲ။
သာသနာရေးနဲ့နိုင်ငံရေး တွဲမလုပ်သင့်ဘူးလို့ပြောနေတာ သာသနာရေးနဲ့နိုင်ငံရေးကို
ကွဲကွဲပြားပြားမသိလို့ပါပဲ။
Topics: BDRF | No Comments »
PRESIDENT OF BDR FINLAND TRUSTEE
ဂေါပကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဥတ္တရ
ဗုဒ္ဓ ဓမ္မ ရံသီ ၀ိဟာရ (မြန်မာဘုန်းတော်ကြီးကျောင်း) ဖင်လန်နိုင်ငံ ဗန်တာမြို

Topics: BDRF | No Comments »
Donations
ကနဦးအလှုရှင်များ
ကျောင်းမတည်အလှုရှင်များ
ရေရှည်အလှုရှင်များ
မြေကွက်အလှုရှင်များ
Topics: BDRF | No Comments »
BOUN KAHTEIN PWE IN FINLAND 2010
ဗုဒ္ဓ ဓမ္မ ရံသီ ၀ိဟာရ (မြန်မာဘုန်းတော်ကြီးကျောင်း) စုပေါင်းဘုံကထိန်ပွဲတော် ဖင်လန်နိုင်ငံ ဗန်တာမြို့ 
Topics: Uncategorized | No Comments »
Buddha Dhamma Ramsi Monastery ( Finland )
ဗုဒ္ဓ ဓမ္မ ရံသီ ၀ိဟာရ (မြန်မာဘုန်းတော်ကြီးကျောင်း) ဖင်လန်နိုင်ငံ အား ဆရာတော်ကြီးများမှ သာသနာ့မြေအဖြစ် ဆုတောင်းပဌာနာပြုပေးသည့်အခမ်းအနား
Topics: Uncategorized | No Comments »
BUDDHIST HERITAGE
အလှုရေစက်လက်နဲ့မကွာ
မိမိတို့သည် စေတီပုထိုးများ ကျောင်းကန်ဘုရားများဖြင့် မြင့်မြင့်မားမား ၀င့်ဝင့်ကြွားကြွား တည်ရှိသော အမိမြန်မာနိုင်ငံကြီးတွင် ကြီးပြင်း လူလားမြောက်ခဲ့ကြသည်။ တိုင်းတစ်ပါးသို့ ရောက်နေကြသော် လည်း မြန်မာ့ရှုခင်းနှင့် မြန်မာ့စိတ်ရင်းကို လွမ်းတသသဖြင့် ဆုပ်ကိုင်ထားမြဲရှိကြပါသည်။ မိမိတို့ နေထိုင်ကြရာ မြို့ပြတို့တွင်လည်း ဘုန်းတော်ကြီးကျောင်းများ မဖြစ်မနေတည်ထောင်ခြင်း၊ စေတီပုထိုး များ တည်ထား ကိုးကွယ်ခွင့်ရရန် ကြိုးစားကြခြင်းဖြင့် မြန်မာ့ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေ၍ မြန်မာပြည်ပုံသဏ္ဍာန် ဖန်ဆင်း တည်ဆောက်နေကြပါသည်။ အလွမ်းလည်းပြေ၊ ကုသိုလ်စေတနာ လည်းတိုး၊ ဘာသာရေး အမွေအနှစ်များ သားစဉ် မြေးဆက် ပေးအပ်ခဲ့ဖို့လည်း မျှော်ကိုးရည်သန်လျက် ရှိကြပါသည်။
ဤဆန္ဒ ဤစေတနာမွန်တို့ကြောင့်ပင် ဗုဒ္ဓဓမ္မရံသီအဖွဲ့နှင့် တကာ တကာမများသည် ဖင်လန်နိုင်ငံတွင် ဗုဒ္ဓဓမ္မရံသီ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ရန် စိုင်းပြင်း အားထုတ်ခဲ့ကြပါသည်။ ယခုအခါ ဗုဒ္ဓဓမ္မရံသီ မြန်မာဘုန်းတော်ကြီးကျောင်းကို Helsinki Vantaa မြို့တွင် ၀ယ်ယူ တည်ထောင် နိုင်ခဲ့ပြီဖြစ်ပါသည်။
မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိလာပြီ ဖြစ်သည့်အတွက် မိမိတို့၏ ဘာသာရေး အခမ်းအနားများ၊ ယဉ်ကျေးမှု အခမ်းအနားများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်၊ မိမိတို့၏ ရင်သွေးငယ်များအတွက် ဆန်းဒေး စကူးလ်များ၊ ဗုဒ္ဓဘာသာ အခြေခံသင်တန်းများ၊ မြန်မာစာ၊ မြန်မာစကား သင်တန်းများ၊ မိမိတို့၏ တိုင်းရင်းသား ဘာသာ ယဉ်ကျေးမှု သင်တန်းများ၊ အဘိဓမ္မာ သင်တန်းများ၊ ၀ိပဿနာတရား စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ အထူး အားဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိလာခြင်းသည် မိမိတို့အတွက် အမြဲတမ်း သံဃာတော် များအား ဖူးမျှော်ခွင့်၊ ဆွမ်းကပ်ခွင့်၊ တရားနာခွင့်၊ တရားစကား လျှောက်ထားမေးမြန်းခွင့် စသော နေ့စဉ်ကုသိုလ်ထူးများကိုလည်း မြန်မာပြည်အလား ပွါးများ အားထုတ်နိုင်တော့မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဖင်လန်နိုင်ငံတွင် မြန်မာဘုန်းတော်ကြီးကျောင်း ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် အရှည်ခန့်၍ တည်တန့်နိုင်စေရန် သာသနာ့ဒါယကာ သာသနာ့ဒါယိကာမအဖြစ် ခံယူလိုကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကုသိုလ်ယူ ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်း နိုးဆော် အပ်ပါသည်။
Topics: Uncategorized | No Comments »
FOR DONATION
လှူဒါန်းနိုင်ရန် အစီအစဉ်များ
ဗုဒ္ဓဓမ္မရံသီ ကျောင်းအကျယ်အ၀န်းသည် စကွဲယားမီတာ (၁၀၀၀) ရှိသည့်အတွက် တစ်စကွဲယားမီတာ တစ်ကွက်နုန်းဖြင့် ကျောင်းမြေကွက် အကွက် (၁၀၀၀) ခွဲခြားစိတ်ဖြာ ထားပါသည်။ ကျောင်းမြေတစ်ကွက်လျှင် ယူရိုငွေ (၂၀၀) နှုန်းဖြင့် မည်သူမဆို အောက်ပါအစီအစဉ်အတိုင်း မပင်မပန်းလှူဒါန်းနိုင်ပါသည်။
က။ အလှူရှင် ကျောင်းတကာ ကျောင်းအမများသည် မြေတစ်ကွက်အတွက် (ယူရို ၂၀၀) လှူဒါန်းလိုလျှင် -
တစ်လလျှင် (၁၀) ယူရိုနှုန်းဖြင့် လပေါင်း (၂၀) = (၂၀၀) ယူရိုလည်းကောင်း၊
တစ်လလျှင် (၂၀) ယူရိုနှုန်းဖြင့် လပေါင်း (၁၀) = (၂၀၀) ယူရိုလည်းကောင်း၊
တစ်လလျှင် (၄၀) ယူရိုနှုန်းဖြင့် လပေါင်း (၅) = (၂၀၀) ယူရိုတို့လည်းကောင်း
အသီးသီး မိမိတို့ ကြိုက်နှစ်သက်သလို သက်သောင့် သက်သာရွေးချယ်လှူဒါန်းနိုင်ပါသည်။
ခ။ အလှူရှင် ကျောင်းတကာ ကျောင်းတကာမများသည် လှူဒါန်းလိုသည့် အလှူငွေများကို ဘဏ်သို့ တိုက် ရိုက်ဖြစ်စေ၊ cash ဖြစ်စေ လွယ်ကူ အဆင်ပြေသလိုလှူဒါန်းနိုင်ပါသည်။
ဂ။ မိမိတို့ လှူဒါန်းပြီးသော ငွေပမာဏသိရှိစေရန် ဗုဒ္ဓဓမ္မရံသီဂေါပကအဖွဲ့က အမြဲမပြတ် စာရင်းအင်းများကို ထုတ်ပြန်နေမည် ဖြစ်ပါသည်။
ဆက်သွယ်လှူဒါန်းရန် ဌာန = ဗုဒ္ဓဓမ္မရံသီကျောင်းတိုက်
Uivelotie 8, 01450, Korso, Vantaa Ph: + 358 440306723 သို့၎င်း
Account name : Buddha Dhamma Ramsi
Account number : 125730-536377
Bank : Nordea Finland
IBAN : FI40 12573000536377
SWIFT : NDEAFIHH
Topics: Uncategorized | No Comments »



